
Watch Devil in Ohio All Season
Suspense Thriller ဖြစ်ပြီး Ohio က မိစ္ဆာဒိဋ္ဌိအဖွဲ့တစ်ခုကနေ လွတ်မြောက်လာတဲ့မိန်းကလေးအကြောင်းဖြစ်ပါတယ်။ဒီ Devil in Ohio ကိုရေးခဲ့တဲ့စာရေးဆရာမက ဒီဇာတ်လမ်းကစိတ်ကူးယဥ်ဖြစ်ပေမယ့်ဇာတ်လမ်းကျောရိုးကတော့ အိုဟိုင်းရိုးက တကယ့်မိစ္ဆာဒိဋ္ဌိအဖွဲ့ပေါ်အခြေခံထားတယ်ဆိုတာကြောင့်ပရိသတ်အတော်များများစိတ်ဝင်စားနေတဲ့ series ပါ။ဒီလွတ်မြောက်လာတဲ့မိန်းကလေးက ဆေးရုံရောက်လာတော့ကျောမှာငါးထောင့်ကြယ်စက်ဝိုင်းကြီးကိုထွင်းခံထားရပြီး စိတ်ဒဏ်ရာလဲအတော်ရထားပုံပါပဲ။ဘာမှလဲမေးမြန်းလို့မရပါဘူး။ဆေးရုံက စိတ်ရောဂါအထူးကုဒေါက်တာမက်သစ်က ဒီမိန်းကလေးကိုမြင်တော့သူ့သမီးလေးအရွယ်မို့ တော်တော်သနားပြီးသံယောဇဥ်ဖြစ်သွားပါတယ်။သုံးလေးရက်ကြာတော့ အခြေအနေအရ ဒေါက်တာမက်သစ်ကကောင်မလေးကို သူ့အိမ်ခေါ်သွားခဲ့ပါတယ်။ကောင်မလေးကြောင့် ဒေါက်တာတို့မိသားစုထဲမှာအပြောင်းအလဲတွေဖြစ်လာတဲ့အခါ၊ကောင်မလေးရဲ့အတိတ်တွေ ပစ္စုပ္ပန်ထိလိုက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲ။Cult series တစ်ခုဖြစ်ပေမယ့် တစ်ချိန်လုံးသည်းထိတ်ရင်ဖိုဖြစ်နေရမှာမျိုးမဟုတ်ဘဲTeen drama လေးတွေနဲ့ပါထူးထူးခြားခြားတွဲဖက်ထားလို့ကြည့်ရမလားကျော်ရမလားဆိုရင်တော့ ကြည့်သင့်တဲ့series တစ်ခုလို့ညွှန်းပေးလိုက်ပါတယ်။